Building(14), 4th Floor, ,
MICT Park, Hlaing, Yangon.

+95-9-954354445
info@myitedu4u.com

CSS တည်ဆောက်ပုံ

css p04ဒီအခန်းမှာတော့ CSS ရဲ့ တည်ဆောက်ပုံကို ရှင်းပြပါမယ်၊ အောက်မှာ CSS ရဲ့တည်ဆောက်ပုံပါ။

Selector {property:value;}

အထက်က တည်ဆောက်ပုံကို အစိတ်အပိုင်းနှစ်ပိုင်းခွဲလိုက်မယ်၊ Selector က တစ်ပိုင်း {property:value;} တို့က တစ်ပိုင်း၊ အခု ပထမအပိုင်းဖြစ်တဲ့

Selector ကိုရှင်းပြမယ်။

Selector

Select ဆိုတာက မှတ်တာပါ၊ Selector ဆိုတော့ မှတ်တဲ့သူပေါ့၊ ဘာတွေကိုမှတ်မှာလဲ ၊ CSS က HTML Document တွေကို

အလှဆင်ဖို့အတွက်သုံးမှာဆိုတော့ HTML Tags တွေကိုမှတ်ရပါမယ်၊ ဥပမာ အားဖြင့် အောက်က HTML စာကြောင်းကိုကြည့်ပါ။ 

Read more: CSS Exercise(1)

cssဒီသင်ခန်းစာမှာ CSS ကို အသုံးပြုပြီး သင့် ရဲ့ HTML Document နဲ့ တည်ဆောက်ထားတဲ့ ၀က်ဆိုက်စာမျက်နှာကို အရောင်စုံလင်စွာနဲ့ လှပဖို့အတွက်တော့ CSS နဲ့ အလှဆင်နိုင်ပါတယ်။

ဒီ့အပြင် မုန်းစရာကောင်းတဲ့ Table တွေကို ခွေပြီးတည်ဆောက်ထားတဲ့ HTML ၀က်ဆိုက်တွေ ထက် CSS ကို အဓိက သုံးပြီးတည်ဆောက်ထားတဲ့ ၀က်ဆိုက်တွေက ပြုပြင်ထိန်းသိမ်းရ အလွန်လွယ်ကူလှပါတယ်။

CSS ကိုအသုံးပြုပြီး ၀က်ဆိုက်စာမျက်နှာပေါင်းများစွာကို CSS စာမျက်နှာတစ်ခုထဲနဲ့ ထိန်းချုပ်ပြုပြင် လိုက်လို့ရပါတယ်၊ CSS ကိုမလေ့လာခင် HTML ဖြစ်စေ XHTML ဖြစ်စေ တစ်ခုခုကိုတော့လေ့လာထားပြီးဖို့လိုအပ်ပါတယ်။

Read more: CSS သင်ခန်းစာ

html 01HTML Basic Form or Frame

HTML မှာ အခြေခံတည်ဆောက်ပုံရှိတယ်၊ HTML ရဲ့ Frame လို့ခေါ်တယ်၊ HTML Document တစ်ခုကိုရေးတိုင်း HTML Frame ကပါကိုပါရမယ်၊ အောက်မှာ အခြေခံ HTML Frame ကိုတည်ဆောက်ပုံကို တဆင့်စီရှင်းပြမယ်၊

ပထမအဆင်

 ဒီအဆင့်မှာတော့ အခုရေးမှာက HTML Document ဖြစ်ကြောင်း ကိုပြောတဲ့ Document type ဆိုတဲ့ Document အမျိုးအစားကို HTML ကို ဘာသာပြန်မယ့် browser ကသိအောင် မိတ်ဆက်မယ်၊ ဒီအတွက်သုံးတဲ့ သင်္ကေသကတော့ <!DOCTYPE html> ပါ၊ <!DOCTYPE html> သင်္ကေသ ကို သင်ရေးတဲ့ HTML Document တိုင်းရဲ့ ထိပ်ဆုံးမှာထည့်ပေးရပါတယ်၊ ဒါမှ အဲ့ဒီ့ စာမျက်နှာကို ဘာသာပြန်မယ့် web browser က ဘယ်လို Doucment အမျိုးအစားလဲဆိုတာကို သိပြီး လွယ်လွယ်ကူကူ ဘာသာပြန်နိုင်မယ်။

Read more: HTML သင်ခန်းစာ(၁)

What is HTML

HTMLHTML ဆိုတာ ၀က်ဆိုက်စာမျက်နှာတွေကို ဖော်ပြဖို့အတွက်သုံးတဲ့ ဘာသာပါ။ HTML ဆိုတဲ့ စကားလုံးမှာ အက္ခရာ တစ်လုံးစီမှာ အဓိပ္ပါယ်ရှိပါတယ်၊ H က Hyper ဆိုတဲ့စာလုံးအတွက် ရပ်တည်တယ်။ T က Text ဆိုတဲ့ စာလုံးအတွက် ရပ်တည်တယ်၊ M က Markup ဆိုတဲ့စာလုံးအတွက် ရပ်တည်တယ်။ L က language ဆိုတဲ့စာလုံးအတွက် ရပ်တည်တယ်။ အားလုံးကို ပေါင်းရေးရင် အတိုကောက် ပုံစံက HTML ဖြစ်ပြီး မူရင်းပုံစံက Hyper Text Markup Language ဖြစ်တယ်။ HTML က Programming ဘာသာရပ်မဟုတ်ပါဘူး၊ သူက Markup ဆိုတဲ့ အမှန်အသားပြုလုပ်တဲ့ ဘာသာပါ၊ အမှတ်အသားဆိုတာ ဆိုရင်ခေါင်းစဉ်လို့သတ်မှတ်တယ်၊

ဆိုရင် စာပိုက်လို့သတ်မှတ်တယ် စသဖြင့် အမှတ်အသားလုပ်တဲ့ ဘာသားဖြစ်လို့ သူ့ကို Markup Language လို့ခေါ်ပါတယ်၊ Markup Language လို့ခေါ်တဲ့ အမှတ်အသားပြုလုပ်တဲ့ ဘာသာရပ်ကို မတူညီတဲ့ မှတ်သားမူတွေပြုလုပ်တဲ့ သင်္ကေသတွေနဲ့ ဖွဲ့ စည်းထားတယ်၊ အဲ့ဒိ့ မတူညီတဲ့ အမှတ်အသား သင်္ကေသတွေကို Markup Tags လို့ခေါ်တယ်။

Read more: HTML သင်ခန်းစာ
>